မချမ်းဘော့မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မချမ်းဘော့  ဇန်နဝါရီ     ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် (၁၁) နာရီက လူထုအခြေပြုဗဟို  ဌာန(Community  Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က အသိပညာပေး Talk Show ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မချမ်းဘော့မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဝဒမ်ခေါင်ဆင်က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန် (၄)ရပ်ကို ဦးတည်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ဖြစ်သည့်မီးဘေးလုံခြုံရေးအတွက် မီးချိတ်မီးကတ်၊ သဲ၊ ရေပုံး၊ မီးသတ်ဆေးဗူးများ ထားရှိရန်လိုအပ်ကြောင်း၊ စသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် နိူင်သည့် အကြောင်းများကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြောင်းသိရသည်။

မချမ်းဘော့(ပြန်/ဆက်)