တွံတေး ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ဦးဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ နံနက် ၇ နာရီက သာသနာ့ဗိမာန်တော်ကြီးမှ မြို့တွင်းသို့စတင်အလှူခံထွက်ရှိကြောင်း သိရသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဝါတွင်းကာလ အာရုံဆွမ်းကြွရောက်သော ဘုန်းတော်ကြီး ကျောင်း(၆၅) ကျောင်းမှ သံဃာအပါး (၁၀၀၀) နှင့် သီလရှင်ကျောင်း (၂၀၀) မှ ဆရာကြီး/ ဆရာလေးအပါး (၂၀၀) စုစုပေါင်း အပါး (၁၂၀၀) အား မြို့ပေါ် (၈) ရပ်ကွက်မှ အလှူရှင်များ နှစ်သစ်ကူးနှစ်ဦးဒါနအဖြစ် သံဃာတော်အရှင်သူမြတ်များနှင့် ဆရာကြီး၊ ဆရာလေး သီလရှင်များအား ကုသိုလ်ပြု လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တွံတေးသား