မချမ်းဘော့ ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ် ရေး နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀နာရီမှစ၍ ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် မူလတန်းအဆင့်မီတာ (၅၀)၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူပေါင်း ဖောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲ စသည့်ပြိုင်ပွဲများ ကျင်းပကာ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲ၀င်ကျောင်းသားကျောင်းသူများအား မြို့နယ်ရဲတပ်ဖွဲ့မှ အာဟာရဆန်ပြုပ်ဖြင့်ကျွေးမွေးဧည့်ခံခဲ့ ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်