ပြင်ဦးလွင် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီမှ စတင်ပြီး ခရိုင်အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်သည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်းစုံမှ လွန်ဆွဲပြိုင်ပွဲ ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံး အမှတ်ခတ်ပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ (လူသစ်တန်း နှစ်ယောက်တွဲ)နှင့် ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများကို ပြိုင်ပွဲစည်းကမ်းနှင့်အညီကျင်းပပြုလုပ်ရာ ဆုရရှိသော ပြိုင်ပွဲဝင် အားကစားသမား များအား တာဝန်ရှိသူများမှ ဆုတံဆိပ်များ၊ ဆုငွေများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်
ခရိုင် (ပြန်/ဆက်)