ဘူးသီးတောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကျင်းပ

ဘူးသီးတောင် ဇန်နဝါရီလ  ၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၄:၂၀)နာရီအချိန် က ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့ရာ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။

ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်၍ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုကြကြောင်း သိရသည်။

လှကျော်