တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပ

 

တန့်ယန်း ဇန်နဝါရီ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီက အောင်မင်္ဂလာရင်ပြင်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ပါဝင်သော ဂုဏ်ပြု တပ်ဖွဲ့ က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့်အတူ အခမ်းအနား တက်ရောက် လာကြသူအပေါင်းက အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂-ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဖတ်ကြားသည်။

ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျင်းပပြုလုပ်ခဲ့သော အခြေခံပညာ အထက်တန်းဆင့် စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပွဲ တွင် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲ များတို့က ဂုဏ်ပြုလက်မှတ်နှင့်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)