တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်  စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း   ဇန်နဝါရီ   ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ ဝင်များဖြင့်  စာဖတ်ဝိုင်းကျင်းပခဲ့ရာ   စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့်  “စာပေတာဝန်” စာအုပ်ကို ဇန်နဝါရီ   ၃ ရက် မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မှု-ပျဉ်းမနား) နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)၊ ဦးမျိုးမြင့်(မြန်မာစာ)တို့က စာပေဝါသနာရှင်များနှင့်အတူ စာရေး ဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “စာပေတာဝန်” စာအုပ်တွင် ပါရှိသော စာဖတ်ခြင်းဖြင့် ကြီးမြင့်ကြပါကုန်၊ စိတ်ဥယျာဉ်၊ စာဖတ်လို့ပျော်ကြတယ်၊ ကံကောင်းနှင့်ကံဆိုး၊ စာပေဖန်တီး ရေးသားမှု၊ ရသစာပေရှင်သန်ပါစေ  စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်