ဟိုပုံးမြို့၌ လွတ်လပ်ရေးနေ့ အသိပညာပေး Talk Show ပြုလုပ်

ဟိုပုံး ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လွတ်လပ်ရေး နေ့ အသိပညာပေး Talk Show ကို မန်နေ့ နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရ သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး အကြီးတန်းစာရေး ဒေါ်ရွှန်းမြက်သွယ်နိုင် မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး တွင် အသိပညာပေး ဆွေးနွေးပွဲများကို အွန်လိုင်းမှ စ်ဆင့်လွှင့်တင်ပေးလျက်ရှိကြောင်း၊ ယနေ့တွင် ကျရောက်သည့် ၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်း အကြောင်းများကို ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသမိုင်းနှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ ရသည့် သမိုင်းအကျဉ်းနှင့် လွတ်လပ်ရေးပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ရသည့် သမိုင်း အကြောင်းအကျဉ်းများကို ဆွေးနွေးပေးရန် မိတ်ဆက်အမှာစကား ပြောကြားပြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးမှ မြန်မာနိုင်ငံ သမိုင်း လေ့လာချက်နှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့် အကြောင်းအရင်းများကိုလည်းကောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး ဒုတိယဦးစီးမှူး ဦးခွန်အာကာထွန်းမှ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက် ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်နန်းခမ်းခြူးမှ ဖြည့်စွက် ဆွေးနွေးပြောကြားရာတွင် လွတ်လပ်ရေးသည် အလွယ်တကူ ဆုံးရှုံးရတတ်ပေမယ့် ပြန်လည် ရယူရရှိရန်မှာ နှစ်ပေါင်းများစွာ တော်လှန်တိုက်ပွဲဝင်ပြီးမှသာ ရရှိနိုင်ပါကြောင်း၊ ဇွဲနပဲနှင့် ခက်ခက်ခဲခဲ တိုက်ယူခဲ့ရပါကြောင်း၊ အသက်သွေးချွေးမြောက်များစွာ ပေးဆပ်မှုပေါင်း များစွာ ရင်းပြီးမှ ရယူခဲ့ရပါကြောင်း ထို့ကြောင့် လက်လွတ်လပ်ရေးထက် တန်ဖိုးအနဂ္ဃ ထိုက်တန် ကြီးမြင့်သော အရာသည်မရှိ ကမ္ဘောတည်သရွေ့ မြန်မာ့လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့ တိုင်းရင်းသားအားလုံးက ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု စိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့လို့ ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)