မိုင်းရယ် ဇန်နဝါရီ ၅
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ယမန်နေ့ နံနက် (၀၄၂၀) အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မိုင်းရယ်မြို့ မြို့မအားကစားကွင်းအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အလံတင်အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်ထိပ်သို့လွှင့်ထူပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများ ပြုလုပ်သည်။
ယင်းနောက် နံနက်(၇)နာရီအချိန်တွင် မိုင်းရယ်မြို့နယ် ပြည်ထောင်စုခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ဖတ်ကြားသည်။ အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များစုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ကြပြီး တက် ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခင်မာလာ