ဒေါပုံမြို့နယ် လူကူးပန်းခြံတံတား (Linear Park) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒေါပုံ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်ရှိ လူကူးပန်းခြံတံတား (Linear Park)  ဖွင့်ပွဲအခမ်း အနားကို မန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီးဌာန ဦးအောင်သန်းဦး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က ရှေ့ဦးစွာ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ ဆက်သွယ်ထားသော လူကူးပန်ခြံတံတား (Linear Park) အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှစိုးက ကဗ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ၍ မွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များက လူကူးပန်းခြံတံတား (Linear Park) ပေါ် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဉ်မော်(ပြန်/ဆက်)