လှည်းကူးမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

လှည်းကူး ဇန်နဝါရီ ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် သဝဏ်ဖတ်ပွဲကို ယ​နေ့နံနက်ပိုင်းက အပိုင်း ၂ ပိုင်းခွဲ၍ လှည်းကူး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန့ရုံးဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားအား လှည်းကူးမြို့နယ်ဂုဏ်ပြုရဲတပ်ဖွဲ့မှ ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် နိုင်ငံတော်အလံအားတိုင်ထိပ်သို့လွှင့်တင်ပြီး ဂုဏ်ပြု ရဲတပ်ဖွဲ့နှင့်အတူ တက်ရောက်လာကြသည့် မြိုနယ်စီမံအုပ်ချူပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဂုဏ်ပြုရဲတပ်ဖွဲ့နှင့်အတူ အခမ်းအနားသို့တက်ရောက်သူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေအောင် က ဖတ်ကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၂၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းသန်းစိုး(ပြန်/ဆက်)