မိုးကောင်း ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို စိမ်းမြသီတာပန်းခြံဝန်းရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ဇန်နဝါရီ ၄ ရက်နေ့ နံနက် (၇)နာရီတွင် ကျင်းပခဲ့သည်။
တက်ရောက်လာသူများက ရှေးဦးစွာ မြန်မာနိုင်ငံအလံတော်အား အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးပို့သော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်က ဖတ်ကြားသည်။
အခမ်းအနားကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကချင်နှင့်ရှမ်းတိုင်းရင်းသားရိုးရာအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရသည်။
သန်းလွင်ဦး