မိုင်းယောင်း၌ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

မိုင်းယောင်း မတ် ၅

မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား အမျိုးသား လူမှုရေးပင်စင်များကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်နန်းကိန်ခိုင်၊ လူမှုဝန်ထမ်း-၄ ဒေါ်နန်းစမ်ရှဲန်နွဲ့နှင့်အဖွဲ့သည် ဘိုးဘွားတစ်ဦးစီအား လူမှုရေးပင်စင် သုံးလစာ ငွေကျပ်သုံးသောင်းကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် အမျိုးသားလူမှုရေးပင်စင်အကျိုး ရရှိခံစားနေသည့် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား ၈၆ ဦးရှိ ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)