ပျော်ဘွယ်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပေါင်းစုံပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၅

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မြို့နယ်ကစားနှင့် ကာယပညာကော်မတီမှ ဦးဆောင်ကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပေါင်းစုံ ဗိုလ်လုပွဲပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၈) နာရီမှစတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက လွန်ဆွဲ၊ ထုပ်ဆီးတိုး၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အာလူးကောက်စသည့် အားကစားပေါင်းစုံကို စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ အသင်းအလိုက်ဆုရရှိသူများ၊ တစ်ဦးချင်းအလိုက်ဆုရရှိသူများကို မြို့နယ်အားကစားနှင့် ကာယကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဌာနဆိုင်ရာများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

09402535713