တံတားဦး ဇန်နဝါရီ ၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပျော်ပွဲရွှင်ပွဲများ ၊အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့် ခြင်းများကို ယနေ့ နံနက်(၉)နာရီက အားကစားပြိုင်ပွဲကို ကျင်းပကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ပြည်သူများက ပူပေါင်းဖောက်ပြိုင်ပွဲ ၊ မီတာ(၅၀)အကွာ အပြေးပြိုင်ပွဲ ၊ မီတာ(၅၀)အကွာအာလူးကောက်ပြိုင်ပွဲ ၊ မီတာ(၅၀)အကွာ အိပ်စွတ်အပြေးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲနှင့် အာလူးဇွန်းကိုက် ပြိုင်ပွဲများကို တံတားဦးမြို့ ပြည့်သူ့အားကစားပြိုင်ကွင်း၌ လည်းကောင်း၊ အမျိုးသားအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို အမှတ်(၂)ရပ်ကွက်၊ ဆုံကုန်းရပ်၌လည်းကောင်း၊ အမျိုးသားအဆင့် ဘောလီဘောပြိုင်ပွဲကို အမှတ်(၃)ရပ်ကွက်၊ တစီးရှင်ဘောလီဘောကွင်း၌လည်းကောင်း အသီးသီးကျင်းပရာ ဆုရရှိသောသူများနှင့် အသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦး၊ အဖွဲ့ဝင် ဦးရဲလင်းသူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းနှင့် တာဝန်ရှိသူများက အနိုင်ရရှိသူများကို ချီးမြှင့်ပေးအပ်ကြသည်။
ယခုလို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ကျင်းပရခြင်းမှာ ပြည်သူများအနေဖြင့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးကို တန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ လွတ်လပ်ရေးနေ့ လက်ဆင့်ကမ်းအမွေ တာဝန်ယူနိုင်ရေးတို့အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးရဲလင်းသူ ထံမှသိရသည် ။
ရဲတင့်(တံတားဦး)