ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေး      ဇန်နဝါရီ   ၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာ ကျောင်းများနှင့် ဈေးများတွင် ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် များ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်များ၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သော မိန့်ခွန်း ကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးတစ်လျှောက်ချုပ်ဆိုခဲ့သည့် စာချုပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှု နှင့် ပတ်သက် ၍ ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်းနှင့်သိမှတ်ဖွယ်ရာများ စသည့် အကြောင်းအရာများပါဝင်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်‌ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိ ရသည်။

မန္တလေးခရိုင်ပြန်/ဆက်