တံတားဦးမြို ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

တံတားဦး ဇန်နဝါရီ  ၄

၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျောက်ဆည်ခရိုင် တံတားဦးမြို့ ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌၊ ယနေ့နံနက်(၇)နာရီက ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများက  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကိုအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံချုပ်ရေးအဖွဲ့ ဥက္ကဌ ဦကျော်စိုးက ဖတ်ကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း အင်အား(၂၀၀)ဦး တက်ရောက်ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပကြောင်း တက်ရောက်လာ သူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြကြောင်းသိရသည်။

ရဲတင့်(တံတားဦး)