ကျောက်ပန်းတောင်း ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ လွှင့် တင်ခြင်းအခမ်းအနားကို၊ ဇန်နဝါရီ(၄)ရက်နေ့ နံနက်(၄:၂၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ တန်းစီကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံလွှင့်တင်ခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင် ပြုလုပ်၍ နိုင်ငံတော်အလံလွှင်တင်ခြင်း၊နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့်ကျဆုံးလေပြီးသောခေါင်းဆောင်ကြီး များအား အလေး ပြုခြင်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ စုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)