(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ပြင်ဦးလွင်မြို့၌ ကျင်းပ

ပြင်ဦးလွင်  ဇန်နဝါရီ ၄

၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက် ( ၄ ) နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတော်အလံ ကို လွှင့်တင်ကာ အခမ်းအနားကို တက်ရောက် လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖွဲ့ဝင်များ ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုကြ ကြောင်း သိရှိရသည်။

ခရိုင် ( ပြန် / ဆက် )