ဖားကန့် ဇန်နဝါရီ ၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဖားကန့်မြို့စုပေါင်းရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာနံနက် ၄ နာရီ ၂၀ မိနစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအားတိုင်ထိပ်သို့ လွင့်တင်ခြင်းကို ဂုဏ်ပြု တပ်ဖွဲ့နှင့်အတူ နိုင်ငံတော် အလံအား အလေးပြုကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားအလေးပြု ကြသည်။
ဆက်လက်၍ နံနက်၇နာရီတွင် နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့လာသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ဖတ်ကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာစာ ပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊မြို့/မိမြို့ဖများတို့ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ေကြာင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)