တနိုင်းမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

တနိုင်း   ဇန်နဝါရီ   ၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊မြို့နယ် အဆင့်ဌာနဆိုင်ရာ များနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက ဖတ်ကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီပြိုင်ပွဲ၊ မီတာ (၁၀၀)နှင့် မီတာ (၂၀၀) အပြေးပြိုင်ပွဲ၊ အထက- ၁ နှင့် အထက- ၂ ကျောင်းများတွင် အားကစားပြိုင်ပွဲများမှ ဆုရရှိသူများ အား တာဝန်ရှိသူများ က ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

ဝါဝါ(ပြန်/ဆက်)