တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မက်မန်း မတ် ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းခရိုင် မက်မန်းမြို့နယ်ရှိ စာစစ်ဌာနသို့ ယနေ့  နံနက် ၉ နာရီအချိန်တွင် ၂၀၂၀ ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနတွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပေါ်စေရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်စိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းမြင့် နှင့် တာဝန်ရှိသူများက မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးကြိုးများသွယ်တန်းမှု၊ မီးသတ်ဆေးဗူးထားရှိမှုနှင့် ကျောင်းဝင်းအတွင်းရှိ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မက်မန်း(ပြန်/ဆက်)