ရမ်းဗြဲ ဇန်နဝါရီ ၄
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းနားကို ကျင်းပပြုလုပ်ကြကြောင်း သိရသည်။ ထိုသို့ကျင်းပပြုလုပ်ရာတွင် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်၌ ရမ်းဗြဲမြို့၊ အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် နိုင်ငံတော်အလံလွှင့်တင်သည့် အခမ်းအနားကို ကျင်းပခဲ့ကြသည်။
ယင်းနောက် နံနက် ၇ နာရီချိန်တွင် ရမ္မာဝတီခန်းမ၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆက်လက်ကျင်းပကြရာ ရှေးဦးစွာ နိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသူများမှ အလေးပြုကြပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဖတ်ကြားသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ( ၇၀ ) ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရမ်းဗြဲ မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)