ရွာငံမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ

ရွာငံ ဇန်နဝါရီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အထက်တန်းကျောင်း၊ ပြဒါးလင်း ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ()ရက် နံနက် နာရီတွင် ကျင်းပခဲ့သည်။ 

 

အခမ်းအနားတွင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေ ပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေးပြုပြီးနောက် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဖတ်ကြားခဲ့သည်။ 

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များရှိ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကာလ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရ သည်။

ပြည့်ဖြိုးသန့်(ရွာငံ)