ကျောက်ဆည် ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၇)နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောအာဇာနည် ဆောင်ကြီးများနှင့်တပ်ဖွဲ့ဝင်အပေါင်းအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်သား/ကျောင်းသူများနှင့်ပြည်သူများက အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ဖတ်ကြားခဲ့သည်။
ထို့နောက်(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များမှလည်းကောင်း စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား/ကျောင်သူများအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးကျော်ဘထွန်းနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းနှင့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကား ပြောပြိုင်ပွဲတွင် ပထမဆုရရှိသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade-10 ကျောင်းသူမသံလွင်ထက်မှ“(၇၄)နှစ်မြောက်လွတ်လပ်ရေးမှ သည်ထောင်စုနှစ်များ ဆီသို့ဦးတည်လို့ လွတ်လပ်ရေး အမွေကိုဆက်လက်ထိန်းသိမ်းကြပါစို့”ခေါင်းစဉ်ဖြင့် ဖျော်ဖြေပေးခဲ့ပြီး တက်ရောက်လာသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)