ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော် လေယာဉ်ဖြင့် သယ်ယူရောက်ရှိ

စစ်တွေ    ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများကို ယမန်နေ့နံနက်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield နှင့် Sinopharm များကို စံချိန်စံညွန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်ပို့ ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာမှ ဇန်နဝါရီလ ၃ ရက်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ဆေးတစ်လုံးလျှင် လူဦးရေ ၅ ဦးထိုးနိုင်သည့် Sinopharm အလုံးအရေအတွက် ၇၃၈ လုံး၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးတစ်လုံးလျှင် ၁၀ ဦးထိုးနိုင်သည့် Covishield ၁၄၆၈၂ လုံးတို့အား တပ်မတော် လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံရရှိကြောင်းနှင့် ရခိုင်ပြည်နယ် အတွင်းအခြားမြို့နယ် အသီးသီးသို့ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)