မိုးမိတ်မြို့တွင်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့  နိုင်ငံတော်အလံတင် အခမ်းအနားကျင်းပ

မိုးမိတ်   ဇန်နဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်၌ မြို့မပြည်သူ့ အားကစားကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပကာ နိုင်ငံတော် အလံလွင့်ထူခြင်းနှင့် နိုင်ငံတော်အလံအလေးပြုခြင်းကို ဂုဏ်ပြုတပ်ဖွဲ့မှ အစီအစဉ် အတိုင်း ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်အလေးပြုခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန်ပွားမှုကာလအတွင်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)