မိုင်းနောင် ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အလံတင်အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ပြုလုပ် ကျင်းပခဲ့ကြောင်းသိရသည်။
ထိုသို့ပြုလုပ်ကျင်းပရာတွင် မိုင်းနောင်နယ်မြေစခန်းမှုး ရဲအုပ်ဇော်၀င်း ကြီးကြပ်သော အလံတင်တပ်ဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့ နံနက်(၄း၂၀)နာရီအချိန် ကျရောက်သော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်းများအားဆောင်ရွက်ခဲ့သည်။
အလံတင်အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးရဲနိုင်ထွန်းနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများ ပါ၀င်ဂုဏ်ပြု အလေးပြုခဲ့ကြောင်းသိရသည်။
မနန်း