ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၁၇၆) ဦးအား ဒုတိယအကြိမ် ကိုဗစ်ရောဂါရှိ/မရှိ ထပ်မံ စစ်ဆေး

တာချီလိတ် ဇန်နဝါရီ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ ဒီဇင်ဘာလ (၃၀)ရက်နေ့က ပြန်လည်ရောက်ရှိလာသူ(၁၇၆)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဒုတိယအကြိမ် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဝမ်လုံး Quarantine Center တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက နေရပ်ပြန် မြန်မာအလုပ်သမား(၁၇၆)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ရယူပြီး ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ကိုဗစ် ၁၉ ရောဂါပိုး ရှိ/မရှိနှင့် မျိုးကွဲအသစ် အိုမီခရွန်ရောဂါပိုး ရှိ/မရှိ ထပ်မံဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ (၇)ရက်မြောက်နေ့တွင် တတိယအကြိမ်အဖြစ် ထပ်မံစစ်ဆေးသွားရန်ရှိကြောင်းနှင့်  တတိယအကြိမ်စစ် ဆေး၍ ရောဂါပိုး ကင်းစင်သူများကို ၎င်းတို့၏နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)