မချမ်းဘော့မြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မချမ်းဘော့    ဇန်ဝါရီ   ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်း‌‌ဘော့မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို စည်ပင်သာယာဈေးနှင့် လူသွားလူလာများသောလမ်းဆုံ၊ လမ်းခွ နေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှပေးပို့လာသော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်နှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြရာ လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား ဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ တို့များဆင်မြန်း လွတ်လပ်ပန်းကဗျာ၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် တို့အသက်‌၊ လွတ်လပ်‌ရေးနှင့်အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ  စသည့်အကြောင်း အရာများ ပါဝင်သော လက်ကမ်းစာစောင်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်‌ရေးနေ့ကို ဂုဏ်ပြုသောအနေဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မချမ်းဘော့(ပြန်/ဆက်)