သာကေတ ဇန်နဝါရီ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် (၇၄)နှစ် တိုင်ခဲ့ပြီဖြစ်သည့် လွတ်လပ်ရေးနေ့ကို အများပြည်သူကျောင်းသားလူငယ်များ လေးစားမြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ရုံးချုပ်)ထုတ်ဝေခဲ့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက်ပိုင်းက သာကေတမြို့နယ်ရုံး ဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ကားမှတ်တိုင်နှင့်ဈေးများ၌ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်း စာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်၊ အမျိုးသား ညီညွှတ်ရေး (ဗိုလ်ချုပ်အောင်ဆန်း၏ (၂၀-၁-၁၉၄၆) ခုနှစ်အလယ်ပစ္စယံညီလာခံ၌ ပြောကြား သောမိန့်ခွန်းကောက်နုတ်ချက်)၊ မြန်မာ့လွတ်လပ်ရေး ကာလတလျောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးကို ကာကွယ်ရမည် (၄-၁-၁၉၄၈ ပထမဆုံးသော လွတ်လပ်ရေးနေ့တွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်)၊ ပြည်သူတွေရဲ့အင်အား သည်သာအဓိက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)၊ တို့များ ဆင်မြန်းလွတ်လပ်ပန်း (ကဗျာ)၊ ပညာပေးကာတွန်းနှင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မျိုးချစ်အားနှင့် ကာကွယ်ပါ ဖော်ပြပါရှိသော လက်ကမ်း စာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)