ကျိုင်းတုံမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုင်းတုံ   ဇန်နဝါရီ   ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ကလူစည်ကားသည့်နေရာများနှင့် အခြေခံပညာကျောင်းများ၌ ဖြန့်ဝေပေးကြောင်း သိရသည်။        

အဆိုပါ လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးနေ့အမျိုးသားဦးတည်ချက်(၄)ရပ်၊  မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများ၊ အသင်းအဖွဲ့များ၊ လူတန်းစားအသီးသီးတို့ အပြင်းအထန်ကြိုးပမ်းမှုကြောင့် ရရှိလာသော လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်၊ အမျိုးသားညီညွတ်ရေးဆိုင်ရာ ကဗျာ၊ ကာတွန်း၊ ဆောင်ပါးများနှင့် သိမှတ်ဖွယ်ရာများအကြောင်းအရာများကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)