မိုင်းခုတ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် အများပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လစဉ်အသိပညာပေးဆွေးနွေးပွဲများရိုက်ကူးကာ Online မှတစ်ဆင့် လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့သို့လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပညာရေးဌာနနှင့် ပူးပေါင်း၍ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အခြေခံပညာ အထက်တန်း ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ချိုချိုနွယ်က လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် လွတ်လပ်ရေးကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားရမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင် ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)