မိုင်းခုတ် ဇန်နဝါရီ ၃
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများရှိ ပြည်သူများထံ အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေး ဉီးတည်ချက်(၄)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း (၂၁-၁-၁၉၄၆) ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် ပထမ ဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဉီးနုပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏(၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ(၂၀၂၁)စာအုပ်မှ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သောစာချုပ်များ ကောက်နှုတ်ဖော်ပြချက်၊ ဖိုလေးလုံးသောင်းကို ကိုရေးသားသည့် ''တို့များဆင်မြန်လွတ်လပ်ပန်း''ကဗျာနှင့် လွတ်လပ်ရေးဆိုင်ရာသိကောင်းစရာဆောင်ပုဒ်များ၊ ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနက စောင်ရေ (၁၀၀၀၀၀) အခမဲ့ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ လွတ်လပ်ရေး ထက် တန်ဖိုးအနဂ္ဂထိုက်တန်ကြီးမြင့်သော အရာသည်မရှိ၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံ့ ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရမည်ကို သိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)