ကျောက်မဲ ဇန်နဝါရီ ၃ ရက်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၂ ခုနှစ် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်သူများနှင့်ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကာ အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ၇၄ နှစ် မြောက်လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက် ၄ ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသား ညီညွတ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အား သည်သာ အဓိက (နိုင်ငံခေါင်းဆောင် ကြီးများ၏ မိန့်ခွန်းကောက်နုတ်ချက်များ) စာရေး ဆရာဖိုလေးလုံးသောင်းကိုကို ရေးသားသောတို့များ ဆင်မြန်းလွတ်လပ်ပန်းကဗျာ၊ ကမ္ဘာတည် သရွေ့စောင့်ရှောက်နှင့် လွတ်လပ်ရေးနေ့ အသိပညာပေးရုပ်ပြများပါဝင်ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)