မိုင်းခုတ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ရွှင်စရာ ဂိမ်းကစားနည်း ပြိုင်ပွဲများကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန သည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက် စေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် တစ်ဉီးနှင့် တစ်ဉီးရင်းနှီးချစ်ခင်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ရွှင်စရာ ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျော်ရွှင်စရာဂိမ်းကစားနည်းပြိုင်ပွဲများတွင် အဖွဲ့လိုက် ပူပေါင်းဖောက်ပြိုင်ပွဲ၊ ပူပေါင်းညှပ်ပြိုင်ပွဲနှင့် ဂုန်နီအိတ်စွပ်ပြိုင်ပွဲများပါဝင်ပြီး အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအား လည်းကောင်း၊ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်မုန့်များအား လည်းကောင်းပေးအပ်ချီးမြှင့်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ထုတ်ဝေသည့်(၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)