ဒဂုံအရှေ့ ဇန်နဝါရီ ၃
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက် ခြင်းခတ်ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာ့ရိုးရာခြင်းလုံးခတ် အားကစား ဝါသနာပါသူများ အားလုံး ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ပူးပေါင်းကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် အတွင်းမှ ပြိုင်ပွဲဝင်အသင်း(၅)သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့်အသင်းများအား ညနေ (၄) နာရီတွင် ဆုချီးမြင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အေးမဉ်ဇူ(ပြန်/ဆက်)