ကာလိမြို့အတွင်း (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကာလိ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ စီစဉ်ထုတ်ဝေသည့်  သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲပိုင်းတွင်  လူစည်ကားရာ နေရာများဖြစ်သည့်   စည်ပင်သာယာစျေး၊ ကားဂိတ်၊ စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် ကျောင်းသား/သူများတို့အား ကာလိမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ ကမ္ဘာတည် သရွေ့စောင့်ရှောက်၊ တို့များဆင်မြန်း လွတ်လပ်ပန်း ကဗျာ၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် တို့အသက်ဆောင် ပုဒ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ ဆောင်ပုဒ်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာတွန်းများ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ဝင်းကျော် (ကာလိ)