ဟိုပန်ကျေးရွာအုပ်စုနေအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်

ကာလိ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ကျေးရွာများအရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ထောက်ပံ့ငွေများသည် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် တစ်ဦးလျှင် ငွေ (၃၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့နိုင်ရန် အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများထံသို့ ပေးအပ်လာပြီးဖြစ်၍ ယခုအခါ ထောက်ပံ့ငွေများအား ဟိုပန်‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့်၊ ကာလိမြို့အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်စုစာရေး ဦးဝေလင်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ဝမ်ဆတ်၊ ဆိုင်း‌ခေါင်၊ နမ့်ဟူးလိန်၊ ပန်လုံ၊ နားဟိုက်၊ နမ့်မော်တောင်း၊ နားကန်ကျေးရွာများရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝင်းကျော်(ကာလိ)