ဟိုပန် ဇန်နဝါရီ ၃
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အထက်တန်းအဆင့် ကျောင်းသား/သူ (၈)ဉီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ၎င်းပြိုင်ပွဲအပြင် အထက်တန်းအဆင့် လွန်ဆွဲပြိုင်ပွဲ၊အလယ်တန်းအဆင့် အိတ်စွပ်၊ ထုတ်စည်းထိုး၊ မူလတန်းအဆင့် ပူးပေါင်းဖောက်၊ အပြေး၊ အာလူးကောက် ပြိုင်ပွဲများနှင့် ဟိုပန်မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ များကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း ဟိုပန်မြို့နယ်၊ အထကကျောင်းမှ သိရသည်။
အဆိုပါ ပြိုင်ပွဲ များတွင် ဆုရရှိသည့် ကျောင်းသား/သူ များအား ဟိုပန်မြို့နယ်၊(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။