တန့်ယန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော သတင်းစကား လက်ကမ်းစာစောင်အား မြို့နယ်ရုံးမှဝန်ထမ်းများက ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းနှင့် မြို့မစျေးတို့တွင် ပြည်သူများအား အခမဲ့ ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်၊ မြန်မာ့ လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနှင့် ပတ်သက်သည့် ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်း စသည်တို့ပါဝင်ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်နှင့် ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး