ဟိုပင် ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဟိုပင်မြို့ ဦးစီးမှူးဒေါ်တိုးတိုးမေနှင့် ဝန်ထမ်းများက ဟိုပင် အ.ထ.က −၁ နှင့် အ.ထ.က မြသီတာကျောင်း တို့တွင် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်ထဲမှ ပြည်သူတွေရဲ့အင်အား သည်သာ အဓိက၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀.၁.၁၉၄၆ ရက်နေ့ အလယ်ပစ္စယံ ညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ ကမ္ဘာ တည်သရွှေ့ စောင့်ရှောက်ဆိုသည့် ဆောင်ပုဒ်နှင့် တို့များဆင်မြန်း လွတ်လပ်ပန်း ကဗျာတို့ ဖော်ပြထားကြောင်း သိရသည်။
တိုးတိုးမေ