ပုသိမ်ကြီး ဇန်နဝါရီ ၃
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက် ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀နာရီက ပုသိမ်ကြီးမြို့မဈေးနှင့် အထက ပုသိမ်ကြီးကျောင်းတို့၌ သွားရောက်ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အခမဲ့ဖြန့်ချီပေးခြင်းဖြစ်ပြီး၊ သတင်းစကား လက်ကမ်းစာ စောင်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ကောက်နုတ် ချက်များနှင့် ကဗျာများ ပါဝင်ကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေရာသို့ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်နွဲ့နှင့် ဝန် ထမ်းများက ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဦးဇာနည်ကိုကို၊ ပုသိမ်ကြီး၊