လသာမြို့နယ်တွင် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြည်ပရောက်ရှိနေသူများ နိုင်ငံရပ်ခြားကြိုတင်မဲပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

လသာ ဩဂုတ် ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများတွင် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြည်ပရောက်နေသူများ နိုင်ငံရပ်ခြား ကြိုတင်မဲပေးနိုင်ရေး ညှိနှိုင်းဆွေး နွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေ ထွေ အုပ်ချုပ် ရေးမှူးရုံး အစည်းအဝေးခန်းမ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို လသာမြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးအောင်မြင့်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်အိအိခင်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ပူးပေါင်းကာ မဲဆန္ဒရှင်စာရင်းများတွင် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြည်ပရောက်ရှိနေသူများ နိုင်ငံရပ်ခြားကြိုတင် မဲပေးနိုင် ရေးအတွက်    ပုံစံ-၁၅ ရရှိပြီး ပြန်လည်စိစစ်ကာ ကြိုတင်ဆန္ဒမဲပေးနိုင် ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မေသူ (ပြန်/ဆက်)