တွံတေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တွံတေး ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဝန်ကြီးချုပ်ဦးနုမှ ပထမဆုံသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်နှင့် တို့များဆင်မြန်း လွတ်လပ်ရေးပန်း(ကဗျာ)၊ ကာတွန်းတို့ကိုဝေဝေဆာဆာ ဖော်ပြထားကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၁၀၀၀၀၀) စောင်ကို ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အခမဲ့ဖြန့်ဝေပေးခဲရာ တွံတေးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဈေးရောင်းချနေသော ဈေးသည်များ၊ လမ်းသွားလမ်းလာများ၊ ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား