မိုးနဲ ဇန်နဝါရီ ၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် သတင်း စကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာ၊ အခြေခံပညာ ကျောင်းများ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာစျေး၊ စျေးဆိုင်များ၊ လမ်းသွားလမ်းလာ ပြည်သူများထံ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ အမျိုးသား ညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ် ဆိုခဲ့သော စာချုပ်များ၊ ပြည်သူတွေ ရဲ့ အင်အားသည်သာ အဓိက၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ တို့များဆင်မြန်း လွတ်လပ်ပန်းကဗျာ၊ သွေးစည်း ချစ်ကြည်လက်ချင်းဆက် လွတ်လပ်ရေး သည်တို့ အသက်ဆောင်ပုဒ်၊ လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ ဆောင်ပုဒ်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာတွန်းများ ဝေဆာစွာ ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)