ပြင်ဦးလွင် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၂ - ခုနှစ် ၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ လွန်ဆွဲပြိုင်ပွဲ ကို ယနေ့နံနက် (၉) နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အမျိုးသား လွန်ဆွဲပြိုင်ပွဲတွင် ပြင်ဦးလွင်မြို့ ပေါ်ရှိ ရပ်ကွက်ကြီး (၂၁) ကွက်မှ ပြည်သူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြိုင်ပွဲဝင် အသင်း (၁) သင်းလျှင် (၁၀) ဦးဖြင့် အသင်း (၂၀) သင်း အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အမျိုးသား လွန်ဆွဲပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် ဆုရအသင်းများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )