ကာမိုင်းမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

ကာမိုင်း ဇန်နဝါရီ  ၃

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ စည်ပင်သာယာစျေး၊ အထက-ကာမိုင်းနှင့် အထကခွဲမြို့မ-၂ တို့၌ ယနေ့နံနက်(၈)နာရီတွင် ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမ ှကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သောကဗျာ၊ ဆောင်ပုဒ်များနှင့်ကာတွန်းတို့ကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့ဝင်များက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ယူထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်(၂၀၀)တို့ကို  ကျောင်းသားကျောင်းသူများနှင့် ပြည်သူများထံသို့ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)