ပင်လောင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ပင်လောင်း ဇန်နဝါရီ  ၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များကို ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဆောင်ပုဒ်များ၊ ကဗျာနှင့်ကာတွန်းများပါဝင်သည့် အဆိုပါ သတင်းစကား လက်ကမ်း စာစောင်များကို  ပင်လောင်းမြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများ၊ ပြည်သူများနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရမများနှင့်ကျောင်းသား/ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး