(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

အမရပူရ    ဇန်နဝါရ   ၃

အမရပူရမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)တွင် ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းများ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ၊ ကဗျာနှင့် ကာတွန်း စသည် များပါရှိကြောင်း သိရှိရသည်။

တင်တင်လှ